-ယနေ့ခေတ် Social Media တွေပေါ်မှာလို ဖျော်ဖြေမှုတွေမရှိသေးခင် (၁၉၀၀) ကျော်အချိန်တုန်းက စိတ်ပန်းဖြေစရာဆိုတာ အဲဒီခေတ်က လူတွေအဖို့မှာတော့ စာအုပ်၊ စာပေတွေနဲ့ ရုပ်ရှင်ရုံတွေကသာ အဖော်ကောင်းတွေဖြစ်ခဲ့မယ်ဆိုတာ သေချာပါတယ်။
-ပညာတတ်တွေ ပေါကြွယ်ဝတဲ့ အဲဒီခေတ်က ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ (၁၉၂၀) ခုနှစ်မှာ တည်ဆောက်ထားခဲ့ပြီး အရင်က Excelsior လို့ ခေါ်တဲ့ ပြဇာတ်ရုံကြီး ဖြစ်ခဲ့ကာ ရုပ်ရှင်တွေ ခေတ်စားခဲ့ချိန်မှာတော့ “ဝဇီရာ” ရုပ်ရှင်ရုံဖြစ်လာခဲ့တာပါ။ အဲဒီတုန်းကတော့ “မွန်ဂိုမာရီလမ်း” (အခုဗိုလ်ချုပ်လမ်း) မ ပေါ်မှာ ဘုရင်မတစ်ပါးသဖွယ် ခန့်ခန့်ထည်ထည်ကြီး တည်ရှိခဲ့တာမျိုးပေါ့။
-အဲဒီအချိန်နဲ့ပြန်တွက်ကြည့်ရင် “ဝဇီရာ” ဟာ အခုဆို သက်တမ်း (၁၀၁) နှစ်တောင် ရှိခဲ့ပါပြီ။ အဲဒီအတွက် သူမကို မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ရုပ်ရှင်ရုံအဖြစ် မြန်မာ့အမွေအနှစ် ချစ်မြတ်နိုးသူတွေက သတ်မှတ်ခဲ့ကြပါတယ်။
-၁၉၄၅ ခုနှစ်က မြန်မာ့ရုပ်ရှင် ၂၅နှစ်ပြည့်ကို ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်ခဲ့ပြီး ဗမာနိုင်ငံရုပ်ရှင်နှင့်ပြဇာတ် အစည်းအရုံးကြီး၏ နှစ်ဆယ့်ငါးနှစ်မြောက် ဗမာပြည်ပြပွဲကြီးဆိုပြီးခမ်းခမ်းနားနား ကျင်းပခဲ့ကြပါသေးတယ်…။
-အဲဒါကြောင့် မြန်မာ့အမွေအနှစ် လက်ကျန်အဆောက်အဦးတစ်ခုဖြစ်တဲ့ “ဝဇီရာ” ရုပ်ရှင်ရုံကို ရှေးဟောင်းအငွေ့အသက်လည်း မပျောက်ပျက်အောင် ခေတ်မီနည်းပညာတွေနဲ့ ပြန်လည်မွန်းမံပြီး ယခုအချိန်မှာ ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေကြတာ အသက် (၁၀၁)နှစ် ရှိပြီဖြစ်တဲ့ “၀ဇီရာ” အတွက်တော့ ဝမ်းသာစရာပါပဲ…။
Photo Credit To Original Owners
ရန်ကုန်မြို့ရဲ့ အငွေ့အသက်များကို အတူတူမျှဝေခွင့်ပြုပါ
Pre Booking တင်ချင်သူများအနေနှင့် ဖုန်းနံပါတ် 09883088891, 09883088892 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်..။
“Take time to relax”
Address : No164, West Shwe Gone Daing Road, Yangon, Myanmar.